လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီ ကို နိုင်ငံတော်သမ္မတရုံး၏ (၇.၁.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်(၁၄) ဦးပါဝင်ပါသည်။ ကော်မတီ၏အောက်တွင် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်း ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ (၁၉.၁၁.၂၀၁၉) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၁၂ (၂) / ၈ / သမ္မတရုံးအရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အား အတွင်းရေးမှူးအဖြစ်လည်းကောင်း အဖွဲ့ဝင် (၁၄) ဦးဖြင့်ဖွဲ့စည်းထားရှိပါသည်။ လုပ်ငန်းကော်မတီမှ “လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူး လွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်” အားရေးဆွဲခဲ့ပြီး (၁၀.၈.၂၀၂၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှအတည်ပြုခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအစဉ်များမှာ အမျိုးသားအဆင့် လုပ်ငန်းစီမံ ချက်တွင် ပါဝင်သည့်အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားအကောင်အထည်ဖော်ရန် ကော်မတီရုံး အဖွဲ့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ဖွဲ့စည်းခြင်း၊ စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်း/ဖြေရှင်းဆောင်ရွက်ခြင်း၊ သတင်းမီဒီယာများ၊ Billboard များ၊ လက်ကမ်းစာစောင် များဖြင့် အသိပညာပေးခြင်း၊ ပြည်တွင်းဥပဒေနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများကိုသိရှိစေရန် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် နည်းပြသင်တန်း နှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးခြင်း၊ ကုလသမဂ္ဂအဖွဲ့များ နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဆောင်ရွက်သည့်လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ် ခြင်း၊ သတင်းပေးတိုင်ကြားသူများ၊ ဝန်ဆောင်မှုပေးသော ဝန်ထမ်းများနှင့် ကျူးလွန်ခံရသူ များကို ထိခိုက်မှု မရှိစေရန် ကာကွယ်ပေးခြင်း၊ အသက်ရှင်ကျန်ရစ်သူများ၊ ထိခိုက်ခံရသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် အသိုက်အဝန်းများအတွက် အထောက် အပံ့ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျူးလွန်သူများအား အပြစ်ပေးအရေးယူ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားပါမည်။ တိုင်ကြားမှုများကို ပြန်လည်ထူထောင်ရေး ဦးစီးဌာနတွင် တပ်ဆင်ထားပြီးဖြစ်သော ဖုန်းနံပါတ်များ- ၀၆၇-၃၄၀၄၇၀၀၊ ၀၆၇-၃၄၀၄၈၀၀နှင့် G-mail address – rehab.MMHQ@gmail.com မှ လက်ခံပြီး စုံစမ်းဖြေရှင်းရန်ဆောင်ရွက်လျက်ရှိပါသည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များ အပေါ် ကြီးလေးသော ကျူးလွန်မှု (၆) ရပ်မှာ ကလေးသူငယ်များအား သတ်ဖြတ်ခြင်းနှင့် သေရာပါကိုယ်လက်အင်္ဂါချို့ယွင်းစေ ခြင်း၊ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးသူငယ်များအား စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ ကလေးသူငယ်များအား အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်းအမျိုးမျိုး၊ ကလေးသူငယ်များအား အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆေးရုံနှင့် ကျောင်းများအားတိုက်ခိုက်ခြင်းနှင့် ကလေး သူငယ်များအတွက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးကို တားဆီးခြင်း (သို့မဟုတ်) ခွင့်မပြုခြင်းတို့ဖြစ်ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၂၆၁ (၁၉၉၉) ၊ ၁၃၁၄ (၂၀၀၀)၊ ၁၃၇၉ (၂၀၀၁)၊ ၁၅၃၉ (၂၀၀၄)၊ ၁၆၁၂ (၂၀၀၅) တို့အပါအဝင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာအား နောက်ဆက်တွဲတွင် စာရင်းသွင်းခံရသည့် အဖွဲ့ဝင်နိုင်ငံများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆင့်ခေါ်သည့် သီးခြားဆုံးဖြတ်ချက် ၁၁၈၂ (၂၀၀၉) အား အသိမှတ်ပြုလျက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်း စီမံချက် (National Action Plan)ကို ရေးဆွဲပြီး အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ကလေးသူငယ်များ၏အခွင့်အရေးဆိုင်ရာ စာချုပ်၏ လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေး သူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) သို့ မြန်မာနိုင်ငံက အတည်ပြုပါဝင်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ကလေး သူငယ်များ၏ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များကို ပိုမိုအလေးထားဆောင်ရွက် သွားမည်ဖြစ်ပြီး ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အဓိကထား၍ အကောင်အထည်ဖော်သွား မည်ဖြစ်သည်။
- MSWRR APP OR
- MDA APP OR
မိုးလေဝသဆိုင်ရာ WEBSITE မျာ:
ကုလသမဂ္ဂ/အစိုးရမဟုတ်သော အဖွဲ့အစည်းများ
- World Vision
- Save the Children
- Help Age International (Myanmar)
- Mercy Corps
- Association for Aid and Relief(Japan)
- Trocaire
- New Humanity Myanmar
- World Education Inc
- Diakonia
- Good Neighbors International (Myanmar)
- Mines Advisory Groups (MAG)
- Denish Refugee Council (DRC)
- Community And Family Services International (CFSI)
- Association Francois – Xavier Bagnoud – AFXB
- Community Partners International (CPI)
- Action Aid Myanmar
- Care International Myanmar
- Christian Aid
- Japan Heart
- ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)
- ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)
- ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ်(UNDP)
- ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UNWOMEN)
- Asian Disaster Preparedness Center (ADPC)
- AVSI Foundation
- Lutheran World Federation (LWF)
- OXFAM
- Solidarities International
- Pact in Myanmar
- Danish Refugee Council
- The Adventist Development & Relief Agency – Myanmar (ADRA Myanmar)
- ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဥ်
- ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များ ပေါင်းစပ် ညှိနှိုင်းရေးရုံး
- ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
- Norwegian Refugee Council (Myanmar)
- Action Contre La Faim (ACF)
- The International Organization for Migration (IOM)
- Relief International
- BRAC Myanmar
- Freedom Fund
- Abilis Myanmar