မူဝါဒ

မူဝါဒ

  • ၁။  အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ ဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့ဂုဏ်သိက္ခာ အပြည့်အဝ ရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန်
  • ၂။   ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း ဖြင့်ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာ စေရန်နှင့် ဘေးဒဏ်ခံစားရသော ပြည်သူများ ပိုမို ကောင်းမွန်သည့် လူနေမှုဘဝရရှိရန်
  • ၃။  ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ပြည်သူပြည်သားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သာတူညီမျှသည့် လူမှုစီးပွားဘဝရရှိ ခံစားစေရန်
  • ၄။   ပြည်သူလူထု၊ စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပွင့်လင်း မြင်သာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ ပြည့်မီစေရေး ဦးတည် ဆောင်ရွက်ရန်

လုပ်ငန်းတာဝန်နှင့်ရည်ရွယ်ချက်

  • ၁။  လူမှုဝန်ထမ်းဆိုင်ရာ လုပ်ငန်းများအားထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
  • ၂။   လူမှုဝန်ထမ်းလုပ်ငန်းများကို တစ်တပ်တစ်အား ကူညီဆောင်ရွက်လျက်ရှိကြသည့် စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား ကူညီပံ့ပိုးဆောင်ရွက်ရန်၊၊
  • ၃။  မီးဘေး၊ ရေဘေး၊ လေဘေး၊ မြေငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်များကြောင့် သော်လည်းကောင်း၊ အဖျက်ဘေးဒဏ်ကြောင့်လည်းကောင်း၊ အတိဒုက္ခရောက်သူများအား လတ်တလော သက်သာချောင်ချိမှုရရှိစေရေးအတွက် ကူညီထောက်ပံ့ရန်၊
  • ၄။  သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်ပါက ကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်ထိရောက်စွာဆောင်ရွက်ရန်နှင့် လျင်မြန်စွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊

အမျိုးအစား ဌာနအမည် ခေါင်းစဉ် ဖတ်ရန် ဒေါင်းလုပ်
လူမှုဝန်ထမ်းဦးစီးဌာန လူငယ်ရေးရာမူဝါဒ ဖတ်ရန် ဒေါင်းလုပ်
လူမှုဝန်ထမ်းဦးစီးဌာန မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ ဖတ်ရန် ဒေါင်းလုပ်