လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၈-၄-၂၀၂၅)ရက်နေ့၊ (၁၄:၃၅)နာရီအချိန်ခန့်၌ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ကွင်းအမှတ် (၆၃၄-စီ)၊ ရေကျော်တောင်ကွင်းတွင် လေပွေတိုက်ခတ်မှု ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုရှိ လူဦးရေ (၁၀)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါ လေဘေးသင့်ပြည်သူများအတွက် လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၀,၀၀ဝိ/-)၊ တစ်စိတ်တစ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) တို့အား (၂၄-၄-၂၀၂၅) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM