ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၂၁)ရက်နေ့ (၀၃း၀၀) နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် ​​ကျုံပါ​ကျေးရွာအုပ်စု၊ ​နောင်ဘိုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့ငွေ(၆၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေစုစုပေါင်း(၆)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂,၆၀၀/-)ကျပ်အား(၉-၈-၂၀၂၁)ရက်​​နေ့ (၁၂း၃၀)နာရီအချိန်ခန့်တွင်​ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR