ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က-ခွဲ(ရေပြာ) စာသင် ကျောင်း၌ ကျောင်းသား/ သူ (၂၅၀)ဦးတို့အားလည်းကောင်း၊ (၁၃:၀၀)အချိန်မှ (၁၄:၃၀) နာရီ အချိန်ထိ အ.ထ.က-ခွဲ(သပြေကုန်း)စာသင်ကျောင်းမှ ကျောင်းသား/သူ (၂၀၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၄၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာများ ပေးအပ်ခြင်း၊ ဘောလ်ပင်၊ ခဲတံနှင့် ဗလာစာအုပ် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

 

 

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR