ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၉-၂၀၂၁) ရက်နေ့၊ (၀၈း၀၀) အချိန်မှ (၁၁း၃၀) အချိန်အထိမော်တော်ယာဥ်ဖြင့်လှည့်လည်၍မိုးညိုမြို့နယ်၊ သခင်လှရှိန်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ဇောတိကရပ်ကွက်၊  ရွှေဥဒေါင်းရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ သပြေပင်ကျေးရွာ၊ ဥယျာဥ်စုကျေးရွာ၊ ရွာသစ်ကျေးရွာနှင့်သာယာကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေး လိုက်နာဆောင်ရွက်ရန်အချက်များအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအားလည်းကောင်း မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့်ပူးပေါင်း၍ ပြည်သူလူထုအား အသိပညာပေးဆော်ဩခဲ့ပြီး Surgical Mask နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာတွင်ဖြစ်ပွားသည့် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR