ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ ရေတာကျေးရွာ၌ (၁၁-၁၀-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်အား (၁၉-၁၀-၂၀၂၁)ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ အေးမြ သာယာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျန်ရစ်သူမိသားစုလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR