ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၃) ရက်နေ့ ကျောင်းကုန်းမြို့၊  တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၂,၁၀ဝ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၀၂,၁၀၀/)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၂-၁၀-၂၀၂၃)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR