ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစ္စရေးနိုင်ငံ အတွင်း စစ်ဖြစ်ပွားမှုကြောင့် အခက်အခဲကြုံတွေနေရပြီ နေရပ်ပြန်မည့် မြန်မာနိုင်ငံသား(၄)ဦးအား (၂၆-၁၀-၂၀၂၃)ရက်နေ့၊ (၂၁:၀၅)နာရီအချိန်တွင် ဗန်ကောက်မှ ရန်ကုန်သို့  လေကြောင်းအမှတ်(8M-351)(MAI)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်လူဝင် မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လေကြောင်းရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ ကျန်းမာရေး အဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့နှင့်  ပြန်လည်ထူထောင်ရေးဦးစီးဌာနအတူ ပူးပေါင်း ကြိုဆိုခဲ့ပြီး အဆိုင်မြန်မာနိုင်ငံသား(၃)ဦးအနက်မှ ကချင်ပြည်နယ်(၁)ဦး၊ ရှမ်းပြည် နယ်(၁)ဦး၊ ရန်ကုန်မြို့(၁)ဦး၊ ပဲခူးတိုင်း(၁)ဦး စုစုပေါင်း(၄)ဦးတို့အား ၎င်းတို့၏ မိဘဆွေမျိုးများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်ကြိုဆိုခေါ်ဆောင်ခဲ့ပါသည်။

Source: DDM

#ar

#ygn_Nov2023

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR