ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၅) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်ခန့်၌ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာအုပ်စု၊  ကွင်းအမှတ် (၆၄၂-စီ)၊  ရွာသစ်ကွင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်   ပြိုလဲပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ (၄)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့်  အဆိုပါလေဘေးသင့် ပြည်သူများအတွက်  လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး (၂၀၀၀ဝိ/-)၊  လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၀၀၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၁) အိမ်ထောင်စုစာတို့အား (၂၄-၄-၂၀၂၅) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ 

Source:  DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR