ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကွင်းလျားရှည်ကျေးရွာအုပ်စု၊ တိုးချောင်စုကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် (ဝါးကြမ်းခင်း၊ ထရန်ကာ၊ ထနိမိုး) နေအိမ် (၂) လုံး ပြိုကျပျက်စီး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး) လူနေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၁၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၄၅,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၂) စုစာ ပစ္စည်းတန်ဖိုး (၉၂၇၂၈)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၆၀,၈၂၈/-)  ကျပ်တို့အား (၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာတွင်ဖြစ်ပွားသည့် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR