ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (၂-၈-၂၀၂၄) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် အမှတ်(၂၊၄) ရပ်ကွက်တို့ရှိ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀,၀၀၀/-)၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၉)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-)၊ စုစုပေါင်း (၁၇၉,၉၀၀/-)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁)စုစာ (တန်ဖိုးငွေ- ၁၀၄,၆၉၀/-)တို့အား (၈-၈-၂၀၂၄) ရက်နေ့၊ (၁၀:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



Source:  DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR