ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၆-၅-၂၀၂၁) နေ့၌ ကသာမြို့နယ်၊ လျှပ်စစ်ကုန်းရပ်ကွက်တွင် ခြင်နိုင်ဆေးခွေထွန်းထားရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ) ကျပ်၊ မီးဘေးသင့်သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၂,၁၀ဝ) ကျပ်နှင့် Family kits (၁)ပုံး၊ အဝတ် Mask (၂)ခုတို့အား (၁၉-၅-၂၀၂၀) နေ့ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ သက်ဆိုင်ရာရပ်ကွက်လူကြီးများဖြင့် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR