ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၁)ရက်နေ့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရာ  တောင်ကြီးမြို့နယ်၊ အေးသာယာဈေး၊  တောင်နီဈေး၊‌ညောင်ရွှေမြို့နယ်၊‌ ညောင်ရွှေဈေးမင်္ဂလာဈေးရပ်စောက်မြို့နယ် ပင်ဖြစ်‌ဈေး၊ ပင်ဖြစ်ကျေးရွာ၊ ဆပ်သေကျေးရွာရောင်ခြည်ဦးကျေးရွာ တို့တွင် လည်းကောင်း၊ (၁၈-၇-၂၀၂၁)ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊‌ သာယာကုန်း‌‌ကျေးရွာ၊ ထီတုန်းတန်ကျေးရွာရေတွင်းကြီးကျေးရွာ၊ ရပ်စောက်မြို့နယ်၊ မြို့ဦး(၁)ကျေးရွာ၊ ထီးခမ်း ကျေးရွာဖိုကုန်းကျေးရွာတို့တွင် လည်းကောင်း၊ (၂၀-၇-၂၀၂၁)ရက်နေ့တွင် ညောင်ရွှေမြို့နယ်၊‌ကျောက်ရေအိုး‌ကျေး ရွာ၊ သဲကျင်းကျေးရွာနှင့် စိုက်ပျိုးရေးကျေးရွာ၊ ရပ်စောက်မြို့နယ် ၊‌ရေဖြူကျေးရွာ၊ အုတ်ကျင်း ကျေးရွာ နှင့်ရပ်စောက်မြို့မဈေးတို့တွင်လည်းကောင်း Covid – 19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွား‌စေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ Covid - 19ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ‌ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: DDM

 

 

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR