ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၁)ရက်နေ့ (၁၀း၃၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းချောင်းနှင့် ဧရာဝတီမြစ်အနီးရှိ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာများသို့ မိုးရာသီ၌ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများကြိုတင်ပြင်ဆင်နိုင်ရန်၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာစီမံအုပ်ချုပ်​​ရေးအဖွဲ့နှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR