ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်း မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း ၀၇ မတ် ၂၀၂၄ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်းတွင် (၆.၃.၂၀၂၄)ရက်နေ့၊ (၁၇း၃၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးခဲ့သောနေအိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၄၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၂၈)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၈,၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၄၅၈,၈၀ဝိ/-)နှင့် ထောက်ပံ့ငွေ (၅၅၃,၂၁၆/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၀)အိမ်ထောင်စာ ၊ အလှူပစ္စည်း JICA စောင်(၁၀)ထည်နှင့် အိပ်ယာခင်း(၁၀)ခု၊ UNICEF တာပေါ်လင် (၁၀)လိပ်နှင့် ကာဘော်လိပ်ဆပ်ပြာ(၂၀)တောင့်တို့အား (၇.၃.၂၀၂၄)ရက်နေ့၊ (၁၂း၁၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။Source: DDM
မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း ၀၆ ဩဂုတ် ၂၀၂၅
ခရမ်းမြို့နယ်၊ ပိန်းကန်ကျေးရွာအုပ်စု၊ ပိန်းကန်ကျေးရွာနှင့် လှဘီလူးကျေးရွာအုပ်စု၊ ကျောင်းကန်ကျေးရွာ၌ လေပြင်းဘေးထောက်ပံ့မှုသတင်း ၃၁ ဇူလိုင် ၂၀၂၅
သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာအုပ်စု၊ ကမာကလူကျေးရွာ၌ လေပြင်းဘေးထောက်ပံ့မှုသတင်း ၃၁ ဇူလိုင် ၂၀၂၅
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့မှုသတင်း ၃၀ ဇူလိုင် ၂၀၂၅
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာအုပ်စု၊ အေးချမ်းသာကျေးရွာ၌ လေပြင်းဘေးထောက်ပံ့မှုသတင်း ၃၀ ဇူလိုင် ၂၀၂၅
သထုံမြို့နယ်၊ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထောက်ပံ့မှုသတင်း ၃၀ ဇူလိုင် ၂၀၂၅
မြောင်းမြမြို့နယ်၊ ပွတ်ခရိုင်ကျေးရွာအုပ်စု၊ ပွတ်ခရိုင်ကျေးရွာ၌ လေပြင်းဘေးထောက်ပံ့မှုသတင်း ၂၅ ဇူလိုင် ၂၀၂၅