ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၂-၂၀၂၂) ရက်နေ့(၁၁:၀၀) အချိန်ခန့်တွင် သီပေါမြို့နယ်၊ ကျင်သီးကျေးရွာအုပ်စု၊​ တွန်ဆောက်ကျေးရွာမှ ပြည်သူတစ်ဦးသည် ပြောင်းစိုက်ခင်းသို့သွားစဉ် လက်လုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူလျက်ရှိရာ အဆိုပါ ဒဏ်ရာရပြည်သူအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်အား (၅-၂-၂၀၂၂)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR