ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၁)ရက်နေ့ (၁၁:၄၅) နာရီအချိန်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စုတွင် လေပြင်း တိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ စုစုပေါင်း(၁၄)ဦးတို့အတွက်  (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၉,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၉,၄၀ဝ/-)ကျပ်အား (၂၉-၆-၂၀၂၁)ရက်နေ့ (၁၅:၀၀) နာရီအချိန်ခန့်တွင် ပေါင်​​​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။


Source:  DDM


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR