ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ဖာလမ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်းဆောင် (၁)ဆောင်နှင့် အမိုးလန်အိမ်ခြေပေါင်း (၇၂)လုံးတို့အတွက် အလူဇင့်(၇)ပေ အမိုးသွပ် စုစုပေါင်း (၇၅၈)ချပ်အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ (၃၀-၇-၂၀၂၁) ရက်နေ့တွင် မိုင်းကိုင်မြို့သို့ပေးပို့ခဲ့ရာ (၅-၈-၂၀၂၁) ရက်နေ့၊ မွန်းလွဲပိုင်း (၁၄:၃၀) အချိန်တွင် မိုင်းကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ လွဲပြောင်းထောက်ပံ့ပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR