ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၇-၂၀၂၄) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် သံလွင်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀ဝိ/-)နှင့် လူဦးရေ (၁၇) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေ (၅၃၅,၇၀ဝိ/-) အား (၂၅-၇-၂၀၂၄) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ မြန်မာ့မီးရထားလုပ်ငန်း၊ သံလမ်းအုတ်ရုံး၀န်းအတွင်း ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR