
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းသင်တန်းကျောင်းများမှ အခြေခံ ပညာ Grade-12 အောင်မြင်သည့် ကျောင်းသား/ သူများနှင့် ပညာရေးနှင့် အားကစားထူးချွန် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ၂၀.၉.၂၀၂၅ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦး ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ ဌာနငယ်/သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် ဆုရကျောင်းသား/သူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး Grade-12 အောင်မြင်သည့် ကျောင်းသား/သူများအား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းကျောင်းများမှ ပညာရေးနှင့် အားကစားထူးချွန် ကျောင်းသား/သူများအား ဂုဏ်ပြုဆု များ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် Grade-12 အောင်မြင်သည့် ကျောင်းသား/သူများ ကိုယ်စားကျောင်းသူ (၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။