
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးရေးဆိုင်ရာလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးပွဲအား ၂၅ ၉. ၂၀၂၅ ရက်၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်စကားပြောကြားပြီး၊ ကော်မတီအလိုက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအားတင်ပြပြီး၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းမှ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးပွဲများ၊ ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းများ၊ မုန့်လုပ်နည်းသင်များနှင့် နားမကြားသော ကလေးများအတွက် မိဘများနှင့် ရပ်ရွာလူထုများအား မြန်မာစံလက်သင်္ကေတပြဘာသာစကားများ ပို့ချနိုင်မှုအခြေအနေများအား တင်ပြပြီး၊ လမ်းပေါ်နေကလေးလျော့နည်းရေးနှင့် တောင်းရမ်းစားသောက်သူများပပျောက်ရေး လုပ်ငန်းစီမံချက်ပါမြို့နယ် (၇) မြို့နယ်အနက် အောင်မြေသာစံမြို့နယ်၊ အမှတ် (၃၈) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်ကွဲရပ်ကွက်မှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် အတန်းပညာသင်ကြားလျက်ရှိသော နေ့ကျောင်းတက်/ ညကျောင်းတက် ကျောင်းသား/ သူ (၄၅) ဦးအား စက်တင်ဘာလနောက်ဆုံးအပတ်တွင် ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား တင်ပြခဲ့ပါသည်။


