တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အသက်(၃)နှစ်မှ (၅)နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၁၅.၈.၂၀၂၅ ရက်၊ နံနက် ၉ နာရီခွဲတွင် ထားဝယ်မူလတန်းကြိုကျောင်း၌ ကျင်းပသည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းစနစ်များကိုသိရှိပြီး စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ကလေးများအားစနစ်တကျပြုစုပျိုးထောင်နိုင်ရန်နှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းပညာများ ပြည်သူ လူထုအတွင်း ကျယ်ပြန့်စွာရောက်ရှိ နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကို ဖွံ့ဖြိုးမှု(၅)ရပ် ဖြစ်သည့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ အသိဉာဏ်ဆိုင်ရာဖွံ့ဖြိုးမှုများနှင့် စာရိတ္တဆိုင်ရာဖွံ့ဖြိုးမှုများရရှိအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးရမှာဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအားလုံးသည် တစ်ခုနှင့် တစ်ခုဆက်စပ်မှုရှိသဖြင့် ဟန်ချက်ညီညီဖွံ့ဖြိုးမှုရရှိရန် လိုအပ်ကြောင်း၊  တိုင်းဒေသကြီးတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး တိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်များအနေဖြင့် နည်းစနစ်မှန်မှန်နှင့်စနစ်တကျပြုစုပျိုးထောင်မှုကိုရရှိရန် အရေးကြီးကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတွင် တာဝန်ယူဆောင်ရွက်ရသည့် ဆရာ/ ဆရာမများအနေဖြင့်အသက်အရွယ်အလိုက် ကလေးပြုစုစောင့်ရှောက်မှုနည်းစနစ်များကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရန်အရေးကြီးကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ရာတွင် စေတနာ၊ ဝါသနာ၊ ကရုဏာ၊ အကြင်နာ၊ အနစ်နာ စသည့် “နာ(၅)နာ”အပြင် အသိပညာ၊အတတ်ပညာ၊ကျွမ်းကျင်မှု၊ စွမ်းရည်၊ အချိန်၊မေတ္တာစသည့် အရင်းအနှီးများ လိုအပ်သောကြောင့် မူကြိုဆရာအလုပ်မှာ လွန်စွာတန်ဖိုးရှိပြီး မွန်မြတ်လှသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ မူကြိုဆရာ/ ဆရာမများအနေဖြင့်မိမိကျောင်းများသို့ လာရောက်ကြမည့် ရင်သွေးငယ်လေးများကို ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများရရှိစေရန် နည်းစနစ်မှန်ကန်စွာဖြင့် ပြုစုပျိုးထောင်ပေးရုံသာမက မိဘအသိပညာပေးခြင်းလုပ်ငန်း၊ ရပ်ရွာအခြေပြုလုပ်ငန်းများကိုပါ ဆောင်ရွက်ပြီး နိုင်ငံတော်၏ အနာဂတ်လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက သင်တန်းသားများအား သင်တန်းသုံးပစ္စည်းများပေးအပ်ပြီး  သင်တန်းသား/ သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား/သူ(၃၀)ဦးကို အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ရှေးဦးအရွယ်ကလေးသူငယ်များအား ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် သိသင့်သိထိုက်သည့် ဘာသာရပ်များကို စက်တင်ဘာလ ၄ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမှာ ဖြစ်ပါသည်။



နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR