လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူ များသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေးလှုပ်ရှားမှုအဖြစ် (၂၂.၃.၂၀၂၆)ရက်နေ့၌  ​နေ့လည်ပိုင်းအချိန်တွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရှောက်ကုန်း ကျေးရွာအုပ်စု(ရှောက်ကုန်း၊ပုဏ္ဏမာ၊ ရွာတော်ကုန်း၊  နောင်ခမ်း၊ သာယာအေး) ကျေးရွာတို့ တွင် ငလျင်အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဥတ္တရခရိုင်၊ တပ်ကုန်း မြို့နယ်၊ လွှပုံကျေးရွာအုပ်စု၊‌ လွှပုံကျေးရွာ၌ (၂၀.၃.၂၀၂၆)ရက်နေ့ (၁၈း၀၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော လူနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ဘေးသင့်လူဦး​ရေ(၁၈)ဦးအတွက် ဆန်ရိက္ခာ ဖိုး​ထောက်ပံ့ငွေ (၉၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၉၀,၀၀ဝိ/-)အား (၂၂.၃.၂၀၂၆) ရက်နေ့၊ (၁၅း၀၀)အချိန်တွင်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ‌‌ ကျေးရွာအုပ်ချုပ်‌ ‌ရေးမှူးများနှင့်အတူ‌ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR