လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၆) ရက်နေ့၊ (၁၇:၃၀) အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၅,၀၀ဝိ/-)၊ ဒဏ်ရာရ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝိ/-) ထောက်ပံ့ငွေစုစုပေါင်း (၁၃၅,၀၀ဝိ/-)အား ကော့ကရိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ချိတ်ဆက်၍ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် (၅-၅-၂၀၂၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR