မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ဖြူဘကျေးရွာအုပ်စု အကွက်(၅)နယ်မြေတွင် (၆-၅-၂၀၂၁) ရက်နေ့(၁၃:၀၀)နာရီ အချိန်ခန့်၌ လေပြင်းတိုက်ခတ် မှုကြောင့် အမိုးလန်ခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ) ကျပ် နှင့်လူဦးရေ စုစုပေါင်း(၄)ဦးတို့အတွက် (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၉၈,၄၀ဝ)ကျပ်အား (၇-၅-၂၀၂၁) ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင် ဖြူဘကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
နောက်ဆုံးရသတင်းများ
လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
၁၈ ဒီဇင်ဘာ ၂၀၂၄
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
၁၆ ဒီဇင်ဘာ ၂၀၂၄