ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် (၃.၆.၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျှက်နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြည်ပအလှူရှင်များက AHA Centreမှတစ်ဆင့် လှူဒါန်းသော ယာယီစာသင်ဆောင်ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။

အဆိုပါယာယီစာသင်ဆောင်သည် အလျား ၉၀ပေ ၊ အနံ ၃၀ပေရှိ  အသင့်တပ်ဆင်သုံးစွဲနိုင် သည့် ကွန်တိန်နာအဆောက်အဦဖြစ်ပြီး တည်ဆောက်ချိန် ၁၀ ရက်ခန့်ဖြင့် ဆောက်လုပ်နိုင်ကြောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ၅‌ ဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ၅ ဆောင်စီဖြင့် စုစုပေါင်း ယာယီစာသင်ဆောင် အဆောင် ၂၀ ကို အမေရိကန်ဒေါ်လာ ၆ သိန်းခန့်ဖြင့် တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR