ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များ၏ ပဉ္စမအကြိမ်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို(၁၀.၂.၂၀၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ရုံးပရဝုဏ်၌ကျင်းပပြုလုပ်ခဲ့ရာထမနဲထိုးပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း နှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်း၊ အမှုထမ်းများပါဝင် တက်ရောက်၍အားပေးခဲ့ကြပါသည်။

ပထမဦးစွာပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုး ပြိုင်ပွဲကို ယခင်နှစ်များတွင်လည်း ဝန်ကြီးဌာနတွင်အစဉ်အလာမပျက် ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ ဝန်ထမ်းမိသားစုများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုများ ရရှိပြီး မိရိုးဖလာရိုးရာ ယဉ်ကျေးမှု အစဉ်အလာအဖြစ် ဆက်လက်ထိန်းသိမ်းသွားကြရမှာ ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် သက်ဆိုင်ရာကော်မတီများက အမှတ်ပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်ဝန်ထမ်းမိသားစုများအားလုံးစည်းစည်းလုံးလုံးချစ်ကြည်ရင်းနှီးစွာဖြင့်အတူတကွသုံးဆောင်နိုင်ရန် ရည်ရွယ်၍ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲသို့ ဝန်ကြီးရုံးမှ (၁)ဖွဲ့၊လူမှုဝန်ထမ်းဦးစီးဌာနမှ (၂)ဖွဲ့၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ (၂)ဖွဲ့၊ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ (၁)ဖွဲ့စုစုပေါင်း အဖွဲ့ (၆)ဖွဲ့တို့၏ ယှဉ်ပြိုင် နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးစိုးကြည်က နှစ်သိမ့်ဆုရ အဖွဲ့များအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် အဖွဲ့များအားလည်းကောင်းဆုများချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR