ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


          မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာ (၅) နှစ် စီမံကိန်း(၂၀၂၁-၂၀၂၅) မူကြမ်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံအစည်း

အဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းနှင့်စပ်လျဉ်းသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် အဓိကလိုအပ်ပါကြောင်း၊ မသန်စွမ်းသူများကို ထိထိရောက်ရောက်ထောက်ပံ့ရန်အတွက် မဟာဗျူဟာ (၅) နှစ်စီမံကိန်း အချောသတ်ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုလည်း (၄.၅.၂၀၂၁)ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာမဟာဗျူဟာ (၅)နှစ်စီမံကိန်း (တတိယမူကြမ်း)ထိ ရောက်ရှိအောင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပေးကြခဲ့သည့် မသန်စွမ်းကိုယ်စားလှယ်များ၊ မသန်စွမ်း အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ မဟာဗျူဟာ (၅)နှစ်စီမံကိန်း အချောသတ် ရေးဆွဲနိုင်ရေးအတွက်လည်း ညိှနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။





ဆက်လက်၍ ဒုတိယဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း(တတိယမူကြမ်း)သည် မသန်စွမ်းသူများအဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မသန်စွမ်းကိုယ်စားလှယ်များ၊ INGO များ၊ NGO များ၊ အစိုးရဌာန များ၊ Technical Core Group (TCG) များနှင့် အစည်းအဝေးများကျင်းပပြုလုပ်ခဲ့ပြီးမှ ရရှိလာခြင်းဖြစ်ပါကြောင်း၊ မဟာဗျူဟာ(၅)နှစ်စီမံကိန်းသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း၏ အခြေခံမူ(၈)ချက်ပေါ် မူတည်၍ ရေးဆွဲထားသည့်အတွက် နိုင်ငံတကာကလက်ခံထားသည့် အခြေခံမူရှိပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာ(၅)နှစ်စီမံကိန်း အတည်ပြုပြဋ္ဌာန်းပြီးပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။



ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ညွှန်ကြားရေးမှူးက ရေးဆွဲထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) နှင့်စပ်လျဉ်း၍ အခန်း (၆) ခန်းဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေများ၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြု နိုင်မှုကဏ္ဍများအလိုက် ချိတ်ဆက်ထားသည့် ASEAN Enabling Master Plan (2025) ၊ Myanmar Sustainable Development Plan (MSDP)၊ အင်ချွန်းမဟာဗျူဟာနှင့် ဝန်ကြီးဌာနများမှ ရေးဆွဲပြဋ္ဌာန်းထားသည့် မူဝါဒ၊ မဟာဗျူဟာ၊ စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။


မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) အတည်ပြုပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူများ၏ အရည်အချင်းများ၊ စွမ်းဆောင်ရည်များ၊ အခွင့်အရေးများရှိခြင်းကို အသိအမှတ်ပြုပြီး ဖြစ်သည့်အပြင် နိုင်ငံတော် အစိုးရနှင့် မသန်စွမ်းသူများအား အထောက်အကူပြုစေမည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဖွံဖြိုးမှုအသီးအပွင့်များကိုလည်း နိုင်ငံသားများတန်းတူ ခံစားကြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။          

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR