ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရေကြီး၊ရေလျှံခဲ့မှုများနှင့်စပ်လျဉ်း၍ပျက်စီးဆုံးရှုံးမှုနှင့်လိုအပ်ချက်ဆန်းစစ်ရေး၊ဘေးအန္တရာယ်ပြမြေပုံများ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံများပြုစုထုတ်ဝေရေးဆိုင်ရာအကြိုညှိနှိုင်းအစည်းအဝေးကို၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ရုံးအမှတ်(၂၃)၌ကျင်းပခဲ့ရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ-၂၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ်များဖြစ်သည့်ဒေါက်တာဒေါ်ရင်ရင်နွယ်နှင့်ဦးလူအေး၊ဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကသဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးအတွက်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးသည်အလွန်အရေးပါကြောင်း၊ရာသီဥတုပြောင်းလဲမှုကြောင့်သမားရိုးကျမဟုတ်သည့်သဘာဝဘေးကျရောက်မှုများ ပိုမိုဖြစ်ပေါ်နေသည့်ကာလတွင်ကြိုတင်သိရှိခြင်း၊သိရှိသည်များကိုလိုက်နာခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းတို့သည်များစွာအရေးပါကြောင်း၊ဝန်ကြီးဌာနအနေဖြင့်အားလုံးအကျုံးဝင်ပြီးတစ်ဦးတစ်ယောက်မှကျန်လှပ်စေခြင်းမရှိသည့်ကြိုတင်ပြင်ဆင်မှုမျိုးဖြစ်စေရေးအတွက်လူထုအခြေပြုနှင့်သင်တန်းကျောင်းအခြေပြုအသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊လတ်တလောဖြစ်ပွားခဲ့သည့်ရေကြီးရေလျှံမှုသည်နှစ်ပေါင်းများစွာအတွင်းတစ်ကြိမ်မျှမကြုံဖူးသေးသည့်အစွန်းရောက်ရာသီဥတုဖြစ်စဉ်မျိုးဖြစ်၍သင်ခန်းစာဖော်ထုတ်ကာထိတွေ့ဆုံးရှုံးနိုင်ခြေလျှော့ချရေးအားဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊နိုင်ငံ၏အရင်းအမြစ်များ၊အခြေအနေများနှင့်ကိုက်ညီသည့်ဆန်းစစ်မှုမျိုးဆောင်ရွက်ရန်၊မိမိနိုင်ငံနှင့်သင့်လျော်သည့်လုပ်ငန်းအစီအစဉ်များဖြစ်စေရန်၊ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုကြောင်းမှာကြားပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ကနိုင်ငံအနေဖြင့်ယခင်ကကျရောက်ခဲ့သည့်ဘေးအန္တရာယ်များတွင်ဆန်းစစ်လေ့လာမှုများဆောင်ရွက်ဖူးသည့်အတွေ့အကြုံကောင်းများရှိထားပါကြောင်း၊ကျယ်ကျယ်ပြန့်ပြန့်ခြုံငုံစဉ်းစားပြီးအခြေခံအကြောင်းရင်းများဖော်ထုတ်ခြင်း၊ဆက်လက်ဆောင်ရွက်သင့်သည်များအကြံပြုခြင်းတို့ကိုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ဉာဏ်ရည်တုနည်းပညာအသုံးချ၍တွက်ချက်ဆန်းစစ်မှုများ၊ကြိုတင်ခန့်မှန်းမှုများဆောင်ရွက်နိုင်ရန်ဝန်ကြီးဌာနအသီးသီးမှအသိပညာရှင်၊အတတ်ပညာရှင်များ၊အငြိမ်းစားယူပြီးသည့်ပညာရှင်ကြီးများပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊အချိန်တိုအတွင်းဆန်းစစ်မှုကောင်းတစ်ခုဆောင်ရွက်နိုင်ရေးပံ့ပိုးကူညီကြစေလိုကြောင်းပြောကြားကာဆန်းစစ်လေ့လာမှုအတွက် လျာထားလုပ်ငန်းအစီအစဉ်၊ဖွဲ့စည်းမှု၊ ခန့်မှန်းလုပ်ငန်းကာလတို့ကိုဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကနိုင်ငံ၏အရင်းအမြစ်များကိုအဓိကအသုံးပြု၍ဆန်းစစ်မှုဆောင်ရွက်ရာ၌သင်္ချာပုံစံပြုနည်းလမ်း၊ ဉာဏ်ရည်တုနည်းပညာအသုံးချနည်းလမ်းစသည်ဖြင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဝန်ကြီးဌာနရှိဘွဲ့ကြိုနှင့်ဘွဲ့လွန်ကျောင်းသား/သူများ၏သုတေသနပြုမှုများဖြင့်ချိတ်ဆက်နိုင်မှုအခြေအနေများအားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ်များကလည်းယခင်နိုင်ငံတကာနှင့်ပြည်တွင်းဘေးအန္တရာယ်ကျရောက်ပြီးချိန်ဆန်းစစ်လေ့လာမှုများ၌ဖော်ထုတ်ရရှိခဲ့သည့်သင်ခန်းစာနှင့်အတွေ့အကြုံများအားမျှဝေကာဆောင်ရွက်သင့်သည်များကိုထောက်ပြအကြံပြုဆွေးနွေးခဲ့ကြပါသည်။ထို့နောက်ဝန်ကြီးဌာနအသီးသီးမှတက်ရောက်သူများကမိမိတို့ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ရန်ပုံငွေကျခံနိုင်သည့်နည်းလမ်း၊ဆောင်ရွက်သင့်သည့်နယ်ပယ်များအားအကြံပြုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR