ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၄ ခုနှစ်၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကိုနေပြည်တော်၊ရုံးအမှတ် ၂၃ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဝင်ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ပြည်ထောင်စုနယ်မြေနေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊အစိုးရမဟုတ်သောအမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားများကိုမြန်မာနိုင်ငံတွင်သာမကကမ္ဘာတစ်ဝန်းတွင်နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ကိုဗစ် ၁၉ နောက်ပိုင်းစီးပွားရေးကျဆင်းခြင်း၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုများအပါအဝင် ဆက်စပ်ဖြစ်ပေါ်နေသည့်ဘေးအမျိုးမျိုးသည်အမျိုးသမီးများအပေါ်သက်ရောက်မှုရှိသကဲ့သို့ အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုပိုမို၍ဖြစ်ပေါ်စေရန် တွန်းပို့လျက်ရှိပါကြောင်း၊ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများရင်ဆိုင်နေရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများကိုတုံ့ပြန်ဆောင်ရွက်နိုင်ရန်အစီအစဉ်များနှင့် အမျိုးသမီးများ၏စွမ်းဆောင်နိုင်မှုအရည်အသွေးများကိုမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသော်လည်းတစ်ဖက်တွင်လည်းနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ၊ စိန်ခေါ်မှုများကိုကြုံတွေ့နေရသည့်မိန်းကလေးငယ်များလည်းရှိနေပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးနှင့်အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကင်းဝေးစေရေးအတွက်  ကုလသမဂ္ဂမှချမှတ်ထားသည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ၊ကမ္ဘာ့အမျိုးသမီးညီလာခံနှင့်အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊လုပ်ငန်းအစီအစဉ်များကိုနိုင်ငံတော်အဆင့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ယခုနှစ် ဆောင်ပုဒ်မှာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစုကြိုးပမ်းလို့ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက်နှစ်(၃၀)ပြည့်ဆီအရောက်လှမ်းစို့ဖြစ်ပြီးဆောင်ပုဒ်၏အဓိကအလေးပေးလိုသည့်အချက်မှာအမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုရပ်တန့်ရန်အတွက်ကျူးလွန်သူကိုလုံးဝလွတ်မြောက်ခွင့်မပေးဘဲထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း၊ ပြစ်ဒဏ်မှကင်းလွတ်ခွင့်မပေးခြင်းအပြင်အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် ဥပဒေဖြင့်အကာအကွယ်ရယူရန် တရားရေးဆိုင်ရာဝန်ဆောင်မှု၊ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအပါအဝင် ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လှုံ့ဆော်ပေးခြင်းဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာဆောင်ရွက်ချက်များVideo Clip ကိုပြသခဲ့ပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှာစကားပြောကြား
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR