ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့၊ အောင်မြတ် ခန်းမ၌ ကျင်းပပြုလုပ်သော စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက လူငယ်များသည် တိုင်းပြည်၏ အနာဂတ်များ ဖြစ်၍ နိုင်ငံကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုသည့် နိုင်ငံ့သားကောင်းရတနာများ ပြန်လည်ဖြစ်ပေါ်လာစေရေး ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများဖြင့် လေ့ကျင့်ပျိုးထောင်ပေးရခြင်းဖြစ်ကြောင်း၊ စနစ်တကျ လေ့ကျင့်ပေးခြင်းဖြစ်၍ မိမိတို့၏ မိသားစု၊ ရပ်ရွာအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့လာပြီး တန်ဖိုးရှိသော လူစွမ်းအား အရင်းအမြစ်များ တိုးတက်ဖြစ်ထွန်းလာရေး ကြိုးစားလိုက်နာ သင်ကြားကြရန်တို့ကို တိုက်တွန်းမှာကြားလိုကြောင်း၊ သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာချီလိတ်မြို့၊ မြို့မိမြို့ဖများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။  ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရနှင့်အလှူရှင်များက လှူဒါန်းငွေနှင့် လှူဒါန်းပစ္စည်းများ အသီးသီးပေးအပ်ရာ စခန်းတာဝန်ရှိသူများက လက်ခံရယူခဲ့ပါ သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊တာချီလိတ်အခြေချ စစ်ဗျူဟာမှူး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။ သင်တန်းကို စက်တင်ဘာလကုန်အထိ (၃)လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးဝန်ထမ်းများ၏ လိုအပ်ချက်၊ အကြံပြုချက်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့သည် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(တာချီလိတ်)သို့ သွားရောက်၍ သင်တန်းသားအိမ်ဆောင်၊ သင်တန်းခန်းမ၊         ဆေးပေးခန်းနှင့် အားကစားပြုလုပ်ရန်နေရာများကို စစ်ဆေး ကြည့်ရှုပြီး သင်တန်းသားများနှင့် တွေ့ဆုံကာ သင်တန်းကျောင်း၏ လိုအပ်ချက်များကို မှာကြားဖြည့်ဆည်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှာစကားပြောကြား
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR