ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊မွန်ပြည်နယ်အစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး၊ဦးတင်ဇော်ထွန်းနှင့်တာဝန်ရှိသူများသည်ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်းဦးစီးဌာန၊မော်လမြိုင်လူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှု့စစ်ဆေးပြီးလူငယ်များအကျင့်စာရိတ္တကောင်းမွန်စေရန်အတွက်အားပေးစကားပြောကြားခြင်း၊စားရိပ်သာဆောင်နှင့်လူငယ်များအားကစားလေ့ကျင့်ခြင်း၊ဆံပင်ညှပ်သင်တန်းများသို့လှည့်လည်ကြည့်ရှုပြီးရှင်းလင်းဆောင်တွင်သင်တန်းကျောင်းကျောင်းအုပ်မှသင်တန်းကျောင်း၏လိုအပ်ချက်များအားရှင်းလင်းတင်ပြခဲ့ပြီးပြည်ထောင်စုဝန်ကြီးမှဖြည့်ဆည်းပေးရန်အချက်များနှင့်ပတ်သက်၍လိုအပ်သည်များမှာကြားခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည်အမှတ်(၂) မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီးမူကြိုအရွယ်ကလေးများအားအာဟာရမုန့်ကျွေးမွေးခြင်း၊ကလေးများ၏ကဗျာရွတ်ဆိုခြင်းများအားအားပေးကြည့်ရှု့ခြင်း၊ဆက်လက်၍ကလေးပြုစုရေးဌာနသို့သွားရောက်ကာရင်ခွင်ပိုက်ကလေးများ၏ကျန်းမားရေး၊ကျွေးမွေးပြုစုစောင့်ရှောက်ထားမှုတို့အားအားပေးကြည့်ရှု့ကာလိုအပ်သည်များမှာကြားခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည်အမှတ်(၁) မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီးကလေးများ၏ဉာဏ်ရည်ဖွံ့ဖြိုးမှုများအားကောင်းလာစေရေးလိုအပ်သည်များမှာကြားခြင်း၊ကလေးငယ်များ၏ဉာဏ်ရည်ဖွံဖြိုးရေးအတွက်မိဘ၊ဆရာများကပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်လိုအပ်

ကြောင်း၊ကျောင်း၏ဥပဒိရုပ်ကောင်းမွန်မှုအခြေအနေများအားကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည်မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများမှအရာထမ်း၊အမှုထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီးလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR