ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၇.၁၂.၂၀၂၃) ရက်နေ့၊ မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက Inperson တက်ရောက်၍  တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများက Online ဖြင့် တက်ရောက်ခဲ့ကြပါသည်၊၊

ရှေးဦးစွာဒုတိယဝန်ကြီးကအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို (၃)လပတ်အလိုက် ကျင်းပဆောင်ရွက်လျက်ရှိပြီး အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် နှစ်ဝက်အစီရင်ခံစာများ၊ လစဉ်အစီရင်ခံစာများ ပုံမှန်ပေးပို့တင်ပြလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး ပထမ ငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃)ခုနှစ်၏ အစီရင်ခံစာကိုလည်း တင်သွင်းပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၏ ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃) အစီရင်ခံစာအရကလေးလုပ်သားများ၏ လိုအပ်ချက်အပေါ်မူတည်၍ထောက်ပံ့မှုများနှင့်သက်ဆိုင်ရာသို့လွှဲပြောင်း ညွှန်းပို့ခြင်းများကိုလူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပထမငါးနှစ်စီမံချက်၏ သုံးသပ်ချက်အစီရင်ခံစာများအပေါ် မူတည်၍  ကော်မတီဝင်များအနေနဲ့ ဒုတိယငါးနှစ်စီမံချက်(၂၀၂၄-၂၀၂၈)အတွက်လည်း ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှုးချုပ်မှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက် လာသူများက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြ၍ ရှေ့လုပ်ငန်းစဉ်များအား

ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပထမငါးနှစ် ကာလအတွေ့အကြုံများအပေါ်မူတည်၍  ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းရပ်များတွင် ကလေး လုပ်သားများအတွက် အကောင်းဆုံးအကျိုးစီးပွားရရှိစေရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများရှိပါက လုပ်ငန်းစဉ်များနှင့်အညီ အတတ်နိုင်ဆုံးကူညီပံ့ပိုးနိုင်ရေးအတွက် အစီအစဉ်များ ကြိုတင်စီစဉ် ထားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR