ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဂုဏ်ပြုအခမ်းအနားကို  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေဒေသဆိုင်ရာ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဘိုးဘွားရိပ်သာများမှ အဘိုးအဘွားများ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်   လက်ရှိလူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများသည် အကျိုးရှိနေဆဲ၊ အသုံးဝင် နေဆဲဖြစ်သည်ကို အသိအမှတ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို (၁၉၉၉)ခုနှစ်ကတည်းက မပျက်မကွက် ကျင်းပဂုဏ်ပြုခဲ့သည်မှာ ယနေ့အထိဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အဓိက တာဝန်ယူဆောင်ရွက်နေသော (Focal Ministry) ဖြစ်သည့်အတွက် ရိပ်သာအခြေပြု၊ ရပ်ရွာအခြေပြု၊ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်ဆောင်ရွက်မှုများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့်အတွက် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ(၂၀၁၆)နဲ့အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်တစ်ခုဖြစ်သော လူမှု‌ရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊  မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး သက်ကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အသက်အကြီးဆုံး အဘိုး(၁)ဦးနဲ့ အဘွား(၁)ဦးစီကို ငွေကျပ် (၁၀)သိန်းစီ  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်မှတစ်ဆင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားကို အနှစ်သာရပြည့်ဝသည့် နှစ်တစ်နှစ်ဖြစ်စေရန် ကုလသမဂ္ဂအဖွဲ့ကြီးက “The Resilience and Contributions of Older Women” “သက်ကြီးအမျိုးသမီးများရဲ့ စွမ်းပကား ဒို့များအလေးထားကို ယခုနှစ်အတွက် ဆောင်ပုဒ်အဖြစ် သတ်မှတ်ပေးထားပါကြောင်း၊  သက်ကြီးအမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် အဓိပ္ပါယ်ရှိရှိ ပါဝင်ပံ့ပိုးကူညီနေသော်လည်း လုပ်ဆောင်ချက်များကိုမူ လျစ်လျူရှုခံထားရဆဲဖြစ်ပြီး အသက်အရွယ်နှင့် ကျား/မ ဖြစ်ခြင်းအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံခြင်းသည် အနုတ်လက္ခဏာဆောင်သော သင်္ကတတစ်ခု ဖြစ်ပါကြောင်း၊  သက်ကြီးရွယ်အိုများ၏ အရေးကိစ္စသည် သက်ကြီးရွယ်အိုများ အတွက်သာ သက်ဆိုင်သည့် ကိစ္စတစ်ခုမဟုတ်ပဲ အသက်အရွယ် အပိုင်းအခြား အားလုံးတွင်ရှိသည့် လူအားလုံးနှင့်သက်ဆိုင်နေသည့် ကိစ္စဖြစ်ကြောင်း အထူးအလေးထားပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဘိုးဘွားများအား ဆေးဝါးပစ္စည်းနှင့် အလှူငွေများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြပြီး ဘိုးဘွားများကိုယ်စား အဘိုးဦးကျော်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို သက်ကြီးရွယ်အိုများအပေါ်လေးစား ကြည်ညိုတတ်သည့် မြန်မာ့ယဉ်‌ကျေးမှု အစဉ် အလာကောင်းများအား မျိုးဆက်သစ်လူငယ်များ သိရှိနားလည်တတ်စေရန်နှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို နှစ်စဉ်ကျင်းပ ခြင်းဖြင့် နိုင်ငံတော်မှသက်ကြီးရွယ်အိုများအရေးကို အလေးထားဆောင်ရွက်ခြင်းကို ပြည်သူများ သတိပြုမိစေရန်ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပရခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ကျင်းပရခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုတွင် သက်ကြီးရွယ်အိုများသည်လည်း အရေးပါသော အခန်းကဏ္ဍမှပါဝင်နိုင်စွမ်းရှိကြောင်း သိရှိလာနိုင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် သက်ကြီးရွယ်အိုများ၏ လူမှု့ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပေါ်လွင်စေမည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ပါသည်။

ဆက်လက်၍ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်သော ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းအားပြသကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှာစကားပြောကြား
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR