ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၇)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၄၉၈)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား(၆)စီး၊ Mobile Solar စနစ် (၃)စုံ တို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၁၉၈၅၀) ဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၁၀)ပုံး ဖြန့်ဝေပေးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၈ % ရှိခြင်း၊

 

လျှပ်စစ်ဓာတ်အား ပြန်လည်အသုံးပြုနိုင်မှုအနေဖြင့် (၇-၆-၂၀၂၃)ရက်နေ့မှစ၍ ဓာတ်အားစတင်ဖြန့်ဖြူးနိုင်ခဲ့ပြီး စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် (၅၆)%၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များတွင် (၁၀၀)% အသုံးပြုလျက်ရှိခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၄၇ % နှင့် ပညာရေးအတွက် ၆၅ % ဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် ရေငန်ဝင်ရောက်ခဲ့သည့်မြေသားရေကန် (၉၁)ကန် ပြုပြင်ပြီးစီးခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့သည်ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊ တံတား ပြင်ဆင်မှုအနေဖြင့် လမ်း (၆၁.၇၂)% ၊ တံတား (၆၂.)% နှင့်  အဆောက်အဦ (၂၆.၅)% ဆောင်ရွက်ပြီးစီးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့ (၂)ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့၊ ဝမ်းပျက်ဝမ်းလျှောရောဂါကူသမှု (၃)ဦး၊ မျက်စိရောဂါကုသမှု (၁၂)ဦး၊ အထွေထွေရောဂါကုသမှု (၄၈၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ (၈၀၂)ဦး နှင့် အတွင်းလူနာ (၁၃၆၁)ဦး ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၅၈၃)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၃၁၇၆)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၉၀၁၆) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၈၄)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၃၅၅)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၅၆၉)ဦး ဆောင်ရွက်လျက်ရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၅၂၂)လိပ်/(၁၂၄၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ (၄၈၈)လုံး၊ သွပ် (၃၁၂၇၀၅)ချပ်၊ သွပ်သံ (၆၃.၉၈)တန်၊ အိမ်ရိုက်သံ (၂၅.၁၅)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၀၄)ထုပ်/(၅၀၉)ကီလို/(၂၆၀၆)ဖာ၊ ဆန် (၂၄၂၉)အိတ်၊ ချင်းပြည်နယ်တွင် ဆန် (၆၄၀)အိတ် နှင့် သစ်ခွဲသား (၁၇၅၆.၅)စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၂၂၉.၈၇၆)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၂၆၁)တန် ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ပစ္စည်းများ တင်ပို့မှုအနေဖြင့် (၇-၆-၂၀၂၃)ရက်နေ့တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ATR-42 (0004) လေယာဉ်ဖြင့် (၂၆၁၀)ကီလိုဂရမ်  တင်ပို့လျက်ရှိခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄၈ ဦး

 

ဒဏ်ရာရ  -  ၁၃၂ ဦး

 

ထိခိုက်ပျက်စီမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် -

နေအိမ်ပျက်စီး  -  ၁၃၈၆၁ လုံး

 

စာသင်ကျောင်း  -  ၇၀၂ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၅၃၂ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၃၈၃ ခု

 

တာဝါတိုင်    တိုင်

 

ဓာတ်တိုင်   -  ၇၂၁၂ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၃၁၀၁၉၉ ကောင်

 

ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဆေးတက္ကသိုလ်များနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းတို့မှ အထူးကုဆေးအဖွဲ့၊ ဆေးကုသမှုအဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (၁၄)ဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ 

 

အထူးကုဆေးအဖွဲ့၊ ဆေးကုသမှုအဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ လိုအပ်ပါက ထပ်မံစေလွှတ်နိုင်ရေး အဆင်သင့် ဖွဲ့စည်းထားရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR