ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ကိန်းဂဏန်းအချက်အလက်များ ဖြည့်သွင်း ပေးပို့နေမှုအခြေအနေ၊ အင်တာနက်ဆက်သွယ်ရေးစနစ်၊ Mobile Application တို့မှတဆင့် ပြည်သူလူထုထံသို့ သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း၊ ကြိုတင်သတိပေးမှုများ၊ သဘာဝဘေး ထိခိုက်ဆုံးရှုံးနိုင်ခြေ အချက်အလက်များအတွက် Online Platform များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က e-Government စနစ် အကောင်အထည်ဖော်ရာတွင် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာများ၊ အင်တာနက်စနစ်၊ Mobile နည်းပညာများ ထည့်သွင်းပေါင်းစပ်အသုံးပြုမှုကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရေးကဏ္ဍတွင်လည်း ခေတ်မီနည်းပညာ အခြေပြုစနစ်များ အသုံးပြုရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သဘာဝဘေး ကြိုတင်သတိပေးချက်များအတွက် နည်းပညာအသုံးပြုဆောင်ရွက်ခြင်းသည် ကောင်းမွန်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် သတင်းအချက်အလက်နှင့် ကိန်းဂဏန်းအချက်အလက်များသည်  အရေးကြီးပါကြောင်း၊ ယနေ့ကာလတွင် e-Government စနစ်သည် အဓိကမဏ္ဍိုင်ကျသည့် အခန်းကဏ္ဍတွင် ပါဝင်သဖြင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင်လည်း ထိရောက်စွာအသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက် စေလိုပါကြောင်း ပြောကြားပါသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးမူဘောင်နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်နေမှုအခြေအနေများနှင့် သတင်းအချက်အလက်ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို ပြည်သူများထံသို့ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို အခြေပြု၍ ကျယ်ပြန့်စွာဖြန့်ဝေနိုင်ရေးအတွက် Mobile App ရေးဆွဲကာ သတိပေးချက်ဖြန့်ဝေမှု၊ Application တစ်ခုတွင် အဓိကပါဝင်ထည့်သွင်းလိုသည့် ကိစ္စရပ်များ၊ အဆိုပါ အက်ပလီကေးရှင်းကြောင့် သဘာဝဘေးကြိုတင်ပြင်ဆင်နိုင်မှုတွင် အရေးပါမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုလမ်းညွှန်ပေးကြပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR