ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ကိန်းဂဏန်းအချက်အလက်များ ဖြည့်သွင်း ပေးပို့နေမှုအခြေအနေ၊ အင်တာနက်ဆက်သွယ်ရေးစနစ်၊ Mobile Application တို့မှတဆင့် ပြည်သူလူထုထံသို့ သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း၊ ကြိုတင်သတိပေးမှုများ၊ သဘာဝဘေး ထိခိုက်ဆုံးရှုံးနိုင်ခြေ အချက်အလက်များအတွက် Online Platform များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအား ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က e-Government စနစ် အကောင်အထည်ဖော်ရာတွင် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာများ၊ အင်တာနက်စနစ်၊ Mobile နည်းပညာများ ထည့်သွင်းပေါင်းစပ်အသုံးပြုမှုကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်ရေးကဏ္ဍတွင်လည်း ခေတ်မီနည်းပညာ အခြေပြုစနစ်များ အသုံးပြုရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ သဘာဝဘေး ကြိုတင်သတိပေးချက်များအတွက် နည်းပညာအသုံးပြုဆောင်ရွက်ခြင်းသည် ကောင်းမွန်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် သတင်းအချက်အလက်နှင့် ကိန်းဂဏန်းအချက်အလက်များသည်  အရေးကြီးပါကြောင်း၊ ယနေ့ကာလတွင် e-Government စနစ်သည် အဓိကမဏ္ဍိုင်ကျသည့် အခန်းကဏ္ဍတွင် ပါဝင်သဖြင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင်လည်း ထိရောက်စွာအသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက် စေလိုပါကြောင်း ပြောကြားပါသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးမူဘောင်နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်နေမှုအခြေအနေများနှင့် သတင်းအချက်အလက်ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်များကို ပြည်သူများထံသို့ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို အခြေပြု၍ ကျယ်ပြန့်စွာဖြန့်ဝေနိုင်ရေးအတွက် Mobile App ရေးဆွဲကာ သတိပေးချက်ဖြန့်ဝေမှု၊ Application တစ်ခုတွင် အဓိကပါဝင်ထည့်သွင်းလိုသည့် ကိစ္စရပ်များ၊ အဆိုပါ အက်ပလီကေးရှင်းကြောင့် သဘာဝဘေးကြိုတင်ပြင်ဆင်နိုင်မှုတွင် အရေးပါမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုလမ်းညွှန်ပေးကြပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR