ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသခံပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲ(၀၅၀၀) နာရီအချိန်ကကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုမှ ငွေကျပ်သိန်း(၁,၇၀၀)၊မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ငွေကျပ်သိန်း(၇၀)၊ ဦးအောင်ဇော်မြင့်+အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ သီရိပျံချီ ဒေါက်တာ မြတ်မြတ်အုန်းခင် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့် သားသမီး၊မြေးများမှ ငွေကျပ်သိန်း(၅၀)၊ ဒေါက်တာ ဂျူးဂျူးဇော်(ခ) ခင်အိန္ဒြာဇော်(ခေတ္တဩစတြေးလျ)မှ ငွေကျပ်(၁၁)သိန်း၊ ဦးထွန်းရွှေ+ဒေါ်သင်းသင်းဆွေမိသားစု(ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ငွေကျပ်သိန်း(၃၀)နှင့် တိုင်းရင်းဆေးဝါးသေတ္တာ(၆)ပုံး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဦီးကိုကိုအေးမှငွေကျပ်သိန်း(၅၀၀) မြန်မာနွယ်ဖွားတရုတ်လူမှုကူညီရေးပရဟိတအသင်း(နေပြည်တော်)မှငွေကျပ်သိန်း(၅၀)၊Tin Wai International Group Co,Ltdမှ ငွေကျပ်သိန်း(၃၀)၊ မြန်မာကယန်းတောင်ပိုင်း ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း(၁၀)၊ Sky One Company မှ ငွေကျပ်သိန်း(၂၀၀၀)နှင့် Gandamar Business SolutationsCo,Ltdဝန်ထမ်းမိသားစုမှ ငွေကျပ်(၂,၀၇၆,၀၀၀)၊ ဦးအိုက်ဆန်+ဒေါ်ဖုံစုမိသားစုမှ ငွေကျပ်သိန်း(၃၀၀၀)၊ ဦးလင်းထူး+ဒေါ်နန်းသင်းစုငြိမ်းGolden HTT Co,Ltdမိသားစုမှငွေကျပ် သိန်း(၅၀)စုစုပေါင်းငွေကျပ် (၇၅၂,၁၇၆,၀၀၀) ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့အတူ၁၈.၉.၂၀၂၄ ရက်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့် ဇနီးဒေါ်မြမြစန်းမိသားစုမှ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်းရှိရေဘေးသင့်ပြည်သူ(၃၀၀)ဦးအား နေ့လည်စာထမင်းဘူး(၃၀၀)ဘူးအားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR