ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပရာ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းပြီး လက်ရှိအခြေအနေကို လေ့လာသိရှိကြရန်လိုအပ်ကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြောင်း၊ နိုင်ငံများအနေဖြင့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိကြကြောင်း၊ စစ်ပညာရပ်များတတ်မြောက်ထားခြင်းဖြင့် လိုအပ်ပါက တိုင်းပြည်အတွက် ကာကွယ်ရေးအင်အားများရရှိမည် ဖြစ်ကြောင်း၊ စည်းကမ်းတကျရှိလာခြင်းနှင့် လုံခြုံရေး၊ကာကွယ်ရေးဆိုင်ရာပညာရပ်များကို တတ်မြောက်လာမည်ဖြစ်သည့်အတွက် တစ်ဦးချင်းစီအတွက် အကျိုးဖြစ်ထွန်းစေသလို နိုင်ငံတော်ကာကွယ်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရပ်ရွာလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်လာခြင်းအပေါ် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန်နှင့်ကိုယ်တိုင်လေ့လာဆင်ခြင်သုံးသပ်ရန်၊ မှန်မှန်ကန်ကန်သိရှိရန်အတွက် နိုင်ငံတော်မှထုတ်ပြန်သည့်သတင်းများ စဉ်ဆက် မပြတ်လေ့လာရန်နှင့်မိမိတို့နှင့်လက်လှမ်းမှီသလောက်ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွင်းလက်ဆင့်ကမ်းမျှဝေခြင်းများ ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားပါသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် နောက်ခံအကြောင်း အရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ အခန်းအလိုက် ဥပဒေပုဒ်မများနှင့် ဆောင်ရွက်မှုအဆင့်ဆင့်၊ အခြားနိုင်ငံများတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ရှင်းလင်းဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများ၊ စုစုပေါင်း(၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR