ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိသားစု၏ နှစ်စဉ်ကျင်းပမြဲ ဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နှစ်သစ်ကူး အခါသမယတွင် ဝန်ကြီးဌာနမိသားစုများအားလုံး အေးချမ်းပျော်ရွှင်ပါစေကြောင်းနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းရွက်ရာတွင် ကိုယ်စီတာဝန်များကျေပွန်စွာဖြင့်ဆထက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ကာ အောင်မြင်မှုများရရှိပါစေကြောင်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဝန်ကြီးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနများရှိ ဝန်ထမ်းများမှ ယိမ်းအကအဖွဲ့များဖြင့် သင်္ကြန်သီချင်းများ သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာသူများအား အတာရေများ ပက်ဖြန်းပေးခဲ့ကြကာ ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဝန်ကြီးဌာနဝန်ထမ်းများအနေဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.   Mr. Vinay Kumar ကို အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံတွင် လူထုအကျိုးပြုစီမံချက်များ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွက် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး၍ ဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်အဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနယ်ပယ်တွင် အိန္ဒိယနိုင်ငံဘက်က နည်းပညာ မျှဝေပေးနိုင်မှု အခြေအနေများ၊ အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ  (Phase-2) ပေးအပ်ရန် အတွက် လက်ရှိညှိနှိုင်းနေသည့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများ ဆိပ်ကမ်းမှ အမြန်ထုတ်ယူရေးနှင့် ဖြန့်ဝေရန် ကိစ္စများအား ဆွေးနွေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR