ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ e-Government ဆိုင်ရာလုပ်ငန်းများတိုးတက်စေရေး အစည်း အဝေးအား ယနေ့နံနက်ပိုင်းကအဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ e-Government လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူလူထုအတွက် လိုအပ်ချက်များထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနများအနေဖြင့်လည်း e-Government လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ထဲထဲဝင်ဝင်စိတ်ပါဝင်စားစွာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သောသင်တန်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှပို့ချသောသင်တန်းများသည် e-Government လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက်  တက်ရောက်ပြီးသူများမှ ဝန်ကြီးဌာနအတွင်းဆင့်ပွားသင်တန်းများပြန်လည်ပို့ချသွားရန်နှင့် လက်တွေ့ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ e-Government ဌာနခွဲအား လူမှန်နေရာမှန်ဖြင့် ဖွဲ့စည်းထားရှိပြီး e-Government လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာအသုံးပြုခြင်းဖြင့် အချိန်တိုအတွင်းလုပ်ငန်းပြီးစီးနိုင်ခြင်း၊ မြန်ဆန်လုံခြုံစွာဆောင်ရွက်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်ပါကြောင်း၊ လူငယ်/လူလတ်ပိုင်းများသည် နည်းပညာနှင့်အကျွမ်းတဝင်ရှိပြီးလေ့လာလိုက်စားမှုအားကောင်းသဖြင့် အသုံးပြုရမည့် Software များအားလျင်မြန်စွာအသုံးပြုနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကနည်းပညာကျွမ်းကျင်မှုရှိစေရန် အရာထမ်း/အမှုထမ်းများအားသင်တန်းပို့ချလေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ တစ်ဦးချင်းတတ်ကျွမ်းသူများအားရွေးချယ်စုစည်း၍ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ Digital ပစ္စည်းများအားရင်းနှီးကျွမ်းဝင်မှုရှိအောင် သင်ကြားလေ့ကျင့်ထားရန်လိုအပ်ပါကြောင်း၊ Network Security နှင့် Document Security ကိုအလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အရာထမ်း/အမှုထမ်းများအနေဖြင့်လည်းလုပ်ငန်းကျွမ်းကျင်အောင် ဆောင်ရွက်နိုင်ရုံမကDigital Ethic အားအလေးထားလိုက်နာကျင့်သုံးရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဆောင်ရွက်လျက်ရှိသော Social Management Information System(SMIS)Enterprise Resource Planning (ERP)၊ Inventory Management Software(IMS)၊  Myanmar Disaster Alert (MDA)Electronic Document Management System(EDMS)Digital Literacy Training Advanced Training စသည့် လုပ်ငန်း/ဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြခဲ့ပြီးပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR