ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social  Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်တွင်ပါဝင်သည့်အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) လူမှုရေးပင်စင်အစီအစဉ်နှင့်လူမှုဖြစ်ရပ်စီမံခန့်ခွဲခြင်းအစီအစဉ်တို့ကိုSMIS Platform တစ်ခုတည်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်တပ်မတော်သတင်းနည်းပညာဌာန၏နည်းပညာအကူအညီဖြင့်ရေးဆွဲခဲ့ရာ ယခုဆိုလျှင်လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ်(SMIS)အကောင်အထည်ပေါ်အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်နှင့်MCCT အစီအစဉ်တို့တွင် လက်ရှိအကျိုးခံစားလျက်ရှိသည့် အကျိုးခံစားခွင့်ရှိသူစာရင်းများအား SMIS စနစ်အတွင်းသို့ Data Migration ပြုလုပ်ဆောင်ရွက်နိုင်ရန်နှင့်SMIS စနစ်အား စမ်းသပ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယခုလအတွင်း ပထမအကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ Social Pension အစီအစဉ်၏ Data Migration သင်တန်းပို့ချရန်ကျန်ရှိသည့် မြို့နယ်ပေါင်း (၂၀၀) ကျော်ရှိ သင်တန်းသားများနှင့်ယခုကဲ့သို့ ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း နည်းပြပညာရှင်များ၏ သင်ကြားပြသပေးမှုများအားအထူးဂရုပြုအလေးအနက်ထားပြီးလိုက်နာသင်ယူသွားကြရန် အရေးကြီးပါကြောင်း၊ SMIS Software နှင့်ဆောင်ရွက်ခြင်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်ပြည်သူသို့ဝန်ဆောင်မှုပေးသောလုပ်ငန်းများပိုမိုကောင်းမွန်ထိရောက်လာစေခြင်းနှင့်သတင်းအချက်အလက်များပိုမိုလုံခြုံစိတ်ချရခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ တပ်မတော်သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ စုစုပေါင်း (၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR