ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၁။       မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့်             မြန်မာကျပ်ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။



၂။       မြန်မာကျပ်ငွေစာရင်းအမှတ် OA-011834 သည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် ဘဏ်ခွဲတွင် ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါသည်-

(က)    မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှတဆင့် ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်။

(ခ)     ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ငွေစာရင်းများမှ စာရင်းပြောင်း (Account Transfer ) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။

(ဂ)     K Pay ဖြင့် လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ၏ QR code နံပါတ် 70157401001 သို့ လည်းကောင်း၊ Wave Money ဖြင့် လှူဒါန်းလိုပါက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၄၂၀၉-၂၅၅၀၀၁၅၄၃ တို့သို့လည်းကောင်း လှူဒါန်းနိုင်ပါသည်။


၃။       နိုင်ငံခြားငွေစာရင်းအမှတ် (1DA-0300086) သည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့်အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါသည်-

(က)    မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ ငွေသား တို့ဖြင့် တိုက်ရိုက်ပေးသွင်း လှူဒါန်းနိုင်ပါသည်။

(ခ)     မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။

(ဂ)     ပြည်တွင်း/ ပြည်ပမှနိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့်-

v SWIFT CODE /BIC - MFTBMMMY

v Beneficiary Name - Natural Disaster Management Fund

v Beneficiary A/C No - 1DA-0300086 သို့လှူဒါန်းနိုင်ပါသည်။


၄။       ထို့အပြင် အခြားသော အီလက်ထရောနစ်ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်လည်း လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသဖြင့် ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။


၅။       လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-


(က)    နေပြည်တော်

(၁)     ဒေါ်လဲ့လဲ့အေး

ညွှန်ကြားရေးမှူးချုပ်

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

၀၆၇-၃၄၀၄၀၅၀

၀၉-၂၀၂၁၄၉၁

(၂)      ဦးဝင်းရွှေ

ဒုတိယညွှန်ကြားရေးမှူးချုပ်

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

၀၆၇-၃၄၀၄၀၄၈

၀၉-၂၅၄၁၇၀၀၁၁


(ခ)     ရန်ကုန်မြို့

(၁)     ဦးသန်းစိုး

ညွှန်ကြားရေးမှူး

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

၀၉-၂၅၀၁၂၃၈၈၅

(၂)      ဒေါ်သန်းသန်းဝင်း

ဒုတိယညွှန်ကြားရေးမှူး

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

၀၉-၄၂၀၇၄၀၁၆၀


(ဂ)     မန္တလေးမြို့

(၁)     ဦးအေးမင်းသူ

ညွှန်ကြားရေးမှူး

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

၀၉-၄၂၀၇၀၈၈၂၇

 

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ











နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၂၀၂၄-၂၀၂၅ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့်၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တက်ရောက်နေသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှာစကားပြောကြား
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ လှူဒါန်းသည့် အလှူပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း

MOS

DSW

DDM

DOR