ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအားမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumarဦးဆောင်သောအဖွဲ့သည်ယနေ့နံနက်ပိုင်း (၁၁:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊မေခလာခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ကအိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေသောဖွံ့ဖြိုးရေးစီမံကိန်းကိစ္စများရှင်းလင်းတင်ပြပြီးဝန်ကြီးဌာနနှင့်အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအကြားလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ဆွေးနွေးမေးမြန်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်းအိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် COVID -19  ကပ် ရောဂါဖြစ်ပွားစဉ်ကာလ၊ မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးကာလများ၌ အကူအညီများပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ Nay Pyi Taw State Academy ၌ လူမှုရေးပညာမဟာဌာနဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာပါမောက္ခများပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်းဆောင်ရွက်နေပြီးဝန်ကြီးဌာနမှ ပညာတော်သင် (၁၉) ဦးအိန္ဒိယနိုင်ငံ TA TA Institute of Social Sciences ၌လူမှုရေးပညာမဟာဘွဲ့သင်တန်းတက်ရောက်နေမှု၊ ရခိုင်ပြည်နယ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာနားလည်မှုစာချွန်လွှာအရအကောင်အထည်ဖော်နေသည့်စီမံကိန်းတိုးတက်မှုအခြေအနေ၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ရန်ရှိသည့် Small Development Project (SDP) အောက်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကအဆိုပြုတင်ပြထားသောစီမံကိန်းကိစ္စများ၊ဝန်ကြီးဌာနအနေဖြင့် AHA Centre၊ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဒုတိယဝန်ကြီးဦးစိုးကြည်၊အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

ယင်းနောက်မွန်းလွဲပိုင်းတွင်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၃)ကိုအဆိုပါဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့်မသန်စွမ်းကိုယ်စားလှယ်များ၊လုပ်ငန်းကော်မတီဝင်ကာကွယ်ရေးဝန်ကြီးဌာန၊ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးမှညွှန်ကြားရေးမှူးနှင့်အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီကို၂၀၁၈ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး၂၀၂၃ခုနှစ်ဧပြီလ(၆)ရက်နေ့တွင်ပြင်ဆင်ဖွဲ့စည်းထားရှိပါကြောင်း၊မသန်စွမ်းသူများ၏အခွင့်အရေးများကိုထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ (၅) နှစ်စီမံကိန်းကိုအတည်ပြုဖြန့်ချိထားပြီးဖြစ်ပါကြောင်း၊မဟာဗျူဟာပါကဏ္ဍအလိုက်လုပ်ငန်းစီမံချက်များကိုလည်းရေးဆွဲထားရှိပြီးယနေ့အစည်းအဝေးတွင်အတည်ပြုသွားမည်ဖြစ်ပါကြောင်း၊မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်းကနဦးစီမံကိန်းနယ်မြေ(၄) ခုတွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ယခုဘဏ္ဍာနှစ်တွင်လည်းစီမံကိန်းနယ်မြေ(၁၀)ခုတွင်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အလုပ်အမှုဆောင်အဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းထားကြောင်းသိရှိရပြီးမသန်စွမ်းသူများ၏အခွင့်အရေးအတွက်ပီပီပြင်ပြင်ရပ်တည်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်လုပ်ငန်းကော်မတီဝင်၊အတွင်းရေးမှူး(၁)ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ကယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီးလုပ်ငန်းကော်မတီဝင်များကဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးမှနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR