ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအစီအစဉ်ကို (၂၀-၈-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဦးအောင်လွင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ မသန် စွမ်းသူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြား ရာတွင်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၉(က)အရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားမှုနှင့်လိုက်လျောညီထွေစွာမသန်စွမ်းသူများလည်း အခြေခံဥပဒေအခွင့်အရေး ရရှိခံစားနိုင်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မသန်စွမ်းသူတိုင်းသည် လွှတ်တော်တစ်ရပ်ရပ်အတွက် လျှို့ဝှက်ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်းနှင့် လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်းပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသန်စွမ်းသူများ၊ အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်းစာ(Braille)ကိုအခြေခံသည့်မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တီထွင်ပြုလုပ်ပေးမှုသည် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားပေးရာ ရောက်ပါကြောင်း၊ မျက်မမြင်လက်စမ်းစာ(Braille) မတတ်ကျွမ်းသည့် အမြင်အာရုံမသန်စွမ်းသူများအပါအဝင်၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူများအနေဖြင့် ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင်ရွေးချယ်သည့် အကူလူပုဂ္ဂိုလ်ဖြင့်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း၊အားလုံးအကျုံးဝင် ပါဝင်နိုင်သည့် လူ့အဖွဲ့အစည်း (All Inclusive Society) ဖြစ်စေရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုကိုနိုင်ငံတကာသို့လည်းပြသနိုင်မည်ဖြစ်သည့်အတွက် မသန်စွမ်းသူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းသူအားလုံး တက်တက်ကြွကြွ ပါဝင်ဆန္ဒမဲပေးရန်နှင့်မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အပါအဝင်ယနေ့တက်ရောက်လာသော မသန်စွမ်းကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူတစ်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ မသန်စွမ်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်များ ဆောင်ရွက်ခဲ့ပါကြပါသည်။မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအားဖြင့် မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR