ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

<ထိုင်းနိုင်ငံ>

(၄၁) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်း အဝေး၊ (၁၀) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာလ (၁၇)ရက်နေ့မှ (၂၀)ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌  အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management- ACDM)နှင့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management -AMMDM) အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော (၁၀) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

အောက်တိုဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနေ့ကို “Stronger Together in Balancing Action to Enhance Localization for Disaster Resilience” ခေါင်းစဉ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး၊ (၁၀) ကြိမ်မြောက် အာဆီယံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌ အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးသည့်အစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အာဆီယံဒေသတွင်းနိုင်ငံများသည် နှစ်စဉ်သဘာဝဘေးအန္တရာယ်အမျိုးမျိုး ရင်ဆိုင်လျက်ရှိခြင်းနှင့်အတူ အဆိုပါဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်ခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှု ဖြစ်လာစေရန် နိုင်ငံအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်များကို ရင်ဆိုင်နေရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ဖြစ်ရိုး ဖြစ်စဉ်မဟုတ်သည့် သဘာဝဘေးများလည်း ဖြစ်ပွားလာလျက်ရှိပါကြောင်း၊  ၎င်းဘေးများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ နိုင်ငံအတွင်းရရှိနိုင်သော နည်းပညာ၊ အရင်း အမြစ်များအသုံးပြုကာ အားလုံးပါဝင်သော နည်းလမ်းဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း ကနဦး ဆွေးနွေးခဲ့ပြီး လတ်တလောအကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်သေဆုံးမှုအခြေအနေများနှင့် ဘေးသင့်ပြည်သူများအား လူသားချင်းစာနာကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ တို့ကို ရှင်းလင်းခဲ့ပါသည်။ ထို့နောက် ဝန်ကြီးဌာနသည် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းအစီအစဉ်၏ ဒုတိယအဆင့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အမျိုးသားကော်မတီ၏ ဦးဆောင်မှု၊ မြန်မာလုပ်ငန်းအဖွဲ့ ပေါင်းစပ်ညှိနှိုင်းမှုတို့ဖြင့်လုပ်ဆောင်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် အာဆီယံနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အာဆီယံ(၁၀)နိုင်ငံမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများနှင့်  တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီး အဆင့်အစည်းအဝေးများအား သီးခြားစီ ကျင်းပခဲ့ရာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက်များနှင့်စပ်လျဉ်း၍ အပိုင်းအလိုက်၊ အခန်းကဏ္ဍအလိုက် ဆွေးနွေးအတည်ပြုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၄၁) ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား (၁၇-၁၀-၂၀၂၂) ရက်နေ့မှ (၁၉-၁၀-၂၀၂၂) ရက်နေ့အထိ ကျင်းပခဲ့ရာ  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော်နေမှုအခြေအနေ၊ သဘာဝဘေး၊ လူကြောင့်ဖြစ်သော ဘေးများကြောင့် ဘေးသင့်သူများအား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပံ့ပိုးကူညီ ထောက်ပံ့မှုအခြေအနေ၊ အာဆီယံနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ပွင့်ပွင့်လင်းလင်းညှိနှိုင်းဆွေးနွေးကာ ရှေ့ဆက်ပူးပေါင်းအကောင်အထည်ဖော်မည့်လုပ်ငန်းများအား သဘောတူညီမှုများ ရယူခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR