ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ(၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများသည် In-person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများသည် online စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က  ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child- UNCRC) ကို ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်များအရေး ပိုမိုထိ‌ရောက်စွာ ဆောင်ရွက်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအပေါ် ပြန်လည်စိစစ်သုံးသပ်မှုများ ပြုလုပ်လျက်ရှိပြီး ကလေးသူငယ်များရဲ့အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ လိုအပ်တဲ့ကဏ္ဍအလိုက် ပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃)မူကြမ်းကို ရေးဆွဲ ချမှတ်ခဲ့ပါကြောင်း၊     လူငယ်သင်တန်းကျောင်းများမှ ပြစ်ဒဏ်ကျကလေးသူငယ် (၃၂၈)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံနိုင်ခဲ့ပါကြောင်း၊   မသန်စွမ်းကလေးသူငယ်(၄၈၉)ဦးကိုလည်း ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်ပါကြောင်း၊  စနစ်တကျလေ့ကျင့်ထားသော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများသည် ကလေးသူငယ်များအပေါ် အလွဲသုံးခြင်းမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး လိုအပ်ချက်အလိုက် ထောက်ပံ့ပေးခြင်း၊ ကလေးသူငယ်များအား စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုများပေးခြင်း၊ မိသားစုနှင့်ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးများ ဆောင်ရွက်ပေးခြင်းနှင့် အခြားလိုအပ်သောအကူအညီများရရှိရန် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ဥပဒေနှင့်ငြိစွန်းသောဖြစ်ရပ်(၉၀၄)ခုနှင့် ဥပဒေနှင့် ငြိစွန်းမှုမရှိသော ဖြစ်ရပ်(၈၃)ခု စုစုပေါင်းဖြစ်ရပ်(၉၈၇)ခုအား ဖြေရှင်းကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း   ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအသိပညာပေးအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာသင်ကျောင်း(၁၄၂)ကျောင်းတွင် ကျောင်းသား/  ကျောင်းသူများအား ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်ရေးခေါင်းစဉ်ဖြင့် (၁-၇-၂၀၂၂)မှ (၃၀-၉-၂၀၂၂)ထိ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၈၉)ကျောင်း တွင် ပြီးစီးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များအနေဖြင့်ကလေး သူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့် အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်တိုင်းလက်လှမ်းမီတန်းတူညီတူရရှိနိုင်ရန် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း၊  လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များအားထားရှိလက်ခံစောင့်ရှောက်မှုနှင့် ပတ်သက်၍ အခြေအနေများအား ခြုံငုံသုံးသပ်တင်ပြဆွေးနွေးခြင်း၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၁)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်း၊ ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် နှင့် ကလေးသူငယ်ကြီးကြပ်သူအစီရင်ခံစာများ လိုက်ပါဆောင်ရွက်မှုအခြေအနေအားလည်းကောင်းရှင်းလင်းတင်ပြခဲ့ကြပါသည်။  ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများမှ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြ ဆွေး နွေးခဲ့ကြပါသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌက နိဂုံး ချုပ်အမှာစကားပြောကြားပြီးအစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင့် သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR