ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

 ၁။   ၂၈-၃-၂၀၂၅ ရက်နေ့တွင်မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပြည်တွင်း/ပြည်ပစေတနာရှင်ပြည်သူများ အနေဖြင့် အလှူငွေနှင့်အလှူပစ္စည်းများပါဝင်လှူဒါန်းနိုင်ပါသည်။

၂။    အလှူငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့်လှူဒါန်းလိုပါက KBZ Pay, CB pay, AYA Pay, OK$, Wave Moneyတို့၏ QR များကို Scan ဖတ်၍လည်းကောင်း၊ KBZ Pay QR code နံပါတ် 70157401001 သို့လည်းကောင်း၊  Wave Money ဖြင့် လှူဒါန်းလိုပါက ဖုန်းနံပါတ်(၀၉-၂၅၅၀၀၁၅၄၂နှင့် ၀၉-၂၅၅၀၀၁၅၄၃)တို့သို့ တိုက်ရိုက်ပေးသွင်း၍လည်းကောင်း လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ဗဟိုဘဏ်မှ ခွင့်ပြုထားသော မိမိနှစ်သက်ရာ မည်သည့် Digital Wallet သို့မဟုတ် ဘဏ် Mobile Application မှမဆို KBZ Pay MMQR နှင့် CB Pay MMQR၊ OK$ MMQR များကို Scan ဖတ်၍ လှူဒါန်းနိုင်ပါသည်။

၃။    ဘဏ်များမှ လှူဒါန်းလိုပါက မြန်မာကျပ်ငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ငွေစာရင်းအမှတ် OA-011834 ကိုဖွင့်လှစ်ထားပြီး အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-

(က)    မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့ စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့်ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှ တစ်ဆင့် ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်၊

(ခ)    ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်း များမှ စာရင်းပြောင်း (Account transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။

၄။    ၎င်းအပြင် နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများသည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018)သို့လည်း အောက်ပါနည်းလမ်း များဖြင့် လှူဒါန်းနိုင်ပါသည်-

(က)    မြန်မာ့စီးပွားရေးဘဏ်တွင် အမေရိကန်ဒေါ်လာ ယူရို၊ စင်္ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်ပါသည်၊

( ခ)    မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း (Account Transfer)နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်၊

( ဂ)    ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့် -

-    SWIFT CODE    -    MYEBMMMY

-    Beneficiary Name    -    Natural Disaster Management Fund

-    Beneficiary A/C No    -    EDN-600018 သို့ လှူဒါန်းနိုင်ပါသည်။

၅။    အလှူငွေနှင့်အလှူပစ္စည်းများလှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ် မေးမြန်းလှူဒါန်းနိုင်ပါသည် -

နေပြည်တော်

ရန်ကုန်မြို့

မန္တလေးမြို့

ဒေါ်လဲ့လဲ့အေး

ညွှန်ကြားရေးမှူးချုပ်

‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

၀၆၇-၃၄၀၄၀၅၀

၀၉-၂၀၂၁၄၉၁



ဦးဝင်းရွှေ

ဒုတိယညွှန်ကြားရေးမှူးချုပ်

‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

၀၆၇-၃၄၀၄၀၄၈

၀၉-၂၅၄၁၇၀၀၁၁



ဒေါ်ဖြူဖြူဝင်း၊ ညွှန်ကြားရေးမှူး

‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

၀၆၇-၃၄၀၄၃၁၆

၀၉-၄၃၀၅၄၈၄၄

ဦးသန်းစိုး

ညွှန်ကြားရေးမှူး

‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး

၀၉-၂၅၀၁၂၃၈၈၅


ဒေါ်သန်းသန်းဝင်း

ဒုတိယညွှန်ကြားရေးမှူး

‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး

၀၉-၄၂၀၇၄၀၁၆၀


-

ဦးအေးမင်းသူ

ညွှန်ကြားရေးမှူး

‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး

၀၉-၄၂၀၇၀၈၈၂၇


ဒေါ်သက်သက်အေး

ဒုတိယညွှန်ကြားရေးမှူး

‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး

၀၉-၄၀၀၅၀၂၀၅၆


-



၆။    အလှူပစ္စည်းများကို အောက်ပါအတိုင်း ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ပါသည် -

    (က)    သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါ သည်။

    ( ခ)    ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ နေပြည်တော်။

    ( ခ)    ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့။

    (ဃ)    ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၆၅)လမ်း၊ ၃၄x ၃၅ ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။



အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ










































နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR