ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအားအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena AjmoneSesseraဦးဆောင်သောအဖွဲ့သည်ယနေ့မွန်းလွဲပိုင်း (၁၃:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်ရခိုင်ပြည်နယ်အတွင်းလူမှုပဋိပက္ခကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများအတွက် ၂၀၁၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)တို့မှတစ်ဆင့်လူသားချင်းစာနာမှုအကူအညီပေးအပ်ခဲ့မှု၊ရခိုင်ပြည်နယ်အတွင်း COVID -19 တုံ့ပြန်ရေးလုပ်ငန်းများတွင် ICRC မှ ကူညီဆောင်ရွက်ပေးခဲ့မှု၊၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိပြည်တွင်းနေရပ်စွန့်ခွာသူများအားဝန်ကြီးဌာန၏ ဘတ်ဂျက်(၁၁၄) ဘီယီယံကျပ်သုံး၍ အထောက်အပံ့ပေးနေမှုအခြေအနေများ၊ ICRCနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ဆောင်ရွက်လျက်ရှိသောလူသားချင်းစာနာမှုလုပ်ငန်းများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC တို့အကြားရခိုင်ပြည်နယ်တွင် လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရန် Regional Agreement လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေမှု၊ မိုင်းထိခိုက်ခံရသူများအတွက် ICRC၏ခြေတုလက်တုတပ်ဆင်ပေးရေးလုပ်ငန်းများ၊ဝန်ကြီးဌာနနှင့် ICRC တို့အကြားလူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့အားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဒုတိယဝန်ကြီးဦးစိုးကြည်၊အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR