ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာန လက်အောက်ရှိ ပုသိမ်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့သွားရောက်ခဲ့ပြီး သင်တန်းကျောင်း ကျောင်းအုပ်မှ သက်မွေးသင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများအား တင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက အိမ်တွင်းမှုသင်တန်းများပေးပြီး အကျိုးရှိအောင် အသုံးပြုရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက သင်တန်းသူများနှင့်ရင်းနှီးစွာတွေ့ဆုံပြီး ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာကို အခြေခံပြီး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေး ဖြစ်ထွန်းတိုးတက်လာအောင် ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ ထိုမှတစ်ဆင့် မိမိတို့၏ထုတ်ကုန်များအားပြည်တွင်းတွင် သုံးစွဲ နိုင်ရုံမက နိုင်ငံခြားထုတ်ကုန်များကဲ့သို့အဆင့်မီအောင် ကြိုးစားစေလိုကြောင်း၊ သင်တန်းဆင်း ကျောင်းသူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်မှု ရှိ-မရှိ အား ဆရာမများမှ  စဉ်ဆက်မပြတ်ဆန်းစစ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်ပုသိမ်မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးငယ်များ မူကြိုပညာရေး သင်ယူသင်ကြားနေမှုအားကြည့်ရှုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ကလေးများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငယ်စဉ်ကတည်းကအများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြား ပေးခြင်း၊ ကိုယ်ချင်းစာနာစိတ်များရှိရန်နှင့်လူမှုသဟဇာတဖြစ်ရန်တို့ကိုသင်ကြားပို့ချခြင်း စသည့် အလေ့အကျင့်ကောင်းများဖြင့် ပြုစုပျိုးထောင်ပေးစေလိုကြောင်း၊ သို့မှသာ ဗလ(၅) တန်နှင့် ပြည့်စုံသော ကလေးများသည် နိုင်ငံအတွက် အရေးကြီးသောလူ့စွမ်းအားများဖြစ်လာမှာဖြစ်ကြောင်း  လမ်းညွှန်ပြောကြားသွားပါသည်။

ယင်းနောက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသည်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့သွားရောက်ပါသည်။ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီးဧရာဝတီတိုင်းဒေသကြီးအတွင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော Shelter များတည်ဆောက်ပြီးစီးမှုနှင့် တည်ဆောက်ဆဲ Shelter များနှင့်ပတ်သက်၍ လိုအပ်သည်များလမ်းညွှန်မှာကြားပါသည်။သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ဇာတ်တိုက်လေ့ကျင့်မှုများကိုပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်၊ သိုလှောင်ရုံများတွင် မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍လည်းဌာနတွင်းဇာတ်တိုက်လေ့ကျင့်မှုများပိုမိုဆောင်ရွက်သွားရန်၊အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင်အသိပညာဗဟုသုတများရရှိပြီးစနစ်တကျလိုက်နာတုံ့ပြန်ဆောင်ရွက်နိုင်ရေးဦးတည်ဆောင်ရွက်ရန်၊ဝန်ထမ်းများအနေဖြင့် မိမိ၏ လုပ်ငန်းများအပေါ် တာဝန်သိစိတ်၊ တာဝန်ရှိစိတ်ဖြင့် စေတနာထား၍ ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့သည်။ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးသိုလှောင်ရုံရှိကယ်ဆယ်ရေးပစ္စည်းများလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ စက်တော်ရာဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ရာ ဘိုးဘွားများအား စောင့်ရှောက်ထားရှိမှုအခြေအနေများကြည့်ရှုခဲ့ပြီး ဘိုးဘွားရိပ်သာကြီးကြပ်ရေးကော်မတီသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်ဟု သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR